ရှက်တတ်သလား
ရှက်တတ်သလား --------------------- အိမ်နှစ်အိမ်ဘေးချင်းကပ်၊ တစ်အိမ်မှာ အဘွားအိုတစ်ယောက်တည်းနေတယ်။ တစ်အိမ်မှာက သက်လတ်ပိုင်း အရွယ် လူငယ်တစ်ယောက်နေတယ်။ လူရွယ်က နောက်ရင်းပြောင်ရင်း အဘွားအိုကို တွေ့တိုင်းပြောတယ် “အဘွား ... အသက်လည်းကြီးပြီ ... အဘွားအိမ်လေးရောင်းရင်ပြောနော်” “မရောင်းပါဘူးကွယ် ... အဘွားသေရင် မြေးတွေရှိတယ်” ဘေးအိမ်က အဲဒါကို မကျေနပ်တာ။ သူက တစ်အိမ်တည်း၊ တစ်ဆက်တည်းလိုချင်နေတာ။ အဘွားအိုက မရောင်းဘူးဆိုတော့ အမုန်းတွေပွားပြီး အမြဲပြဿနာရှာ။ အဘွားမနေနိုင်အောင် ငရုတ်သီးတွေလှော်တယ်။ အဘွားက စောင်ခြုံပြီးနေတယ်။ အဘွားမအိပ်နိုင်အောင် ကာရာအိုကေတွေဆိုတယ်။ အဘွားက တရားမှတ်နေတယ်။ အဘွားကို စောင်းမြောင်းဆဲတယ်။ အဘွားက မကြားသလို ပြုံးနေတယ်။ မုန်းနေသူတစ်ယောက်ဟာ ပြုံးပြတဲ့ဒဏ်ကို မခံနိုင်ဘူး။ သူမျှော်လင့်ထားတာက အမုန်းတရားကို အမုန်းနဲ့ တုံ့ပြန်လိုက်ရင် ရန်ပွဲတွေဆင်နိုင်ပြီပေါ့။ ဒါပေမဲ့ မမုန်းတတ်တဲ့နှလုံးသားကို မပြုံးအောင် တားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးပဲ။ ဘယ်လောက်တောင်အမုန်းစိတ်တွေ ပြင်းထန်လာသလဲဆိုရင် တစ်နေ့တော့ သူ့အိမ်က အမှိုက်ပုံးကို အဘွားအို အိမ်ထဲမှာ သွားချထားတဲ့အထိ လွန်ကျူးမိတယ်။ စိတ်ထဲမှာ “အဘွာ...