_ဝိပဿနာ တည်းခိုခန်း ။_
_ဝိပဿနာ တည်းခိုခန်း ။_
ဝိပဿနာ ဆိုတာ တည်းခိုခန်း ဖွင့်ထားသလိုပဲ။ တည်းခိုခန်းဖွင့်ထားရင် လူမျိုးပေါင်းစုံလာတည်းမယ်။
မကောင်းတဲ့လူရော၊ ကောင်းတဲ့လူရော၊
ကုလားရော၊ တရုပ် ရော ။
အားလုံးလာတည်းမှာဘဲ။
တည်းခိုခန်းက ဘယ်သူတော့ မလာတည်းရဘူးလို့ နှင်ထုတ်လို့မရဘူး။
တည်းခိုခန်းအလုပ်က ဧည့်သည်တွေကို ဂရုစိုက်ပြီး သူ့အတွက် အမြတ်ရဖို့ပဲ။
ခန္ဓာ ဆိုတဲ့ တည်းခိုခန်းမှာလည်း၊ အာရုံ အကောင်း အဆိုး မျိုးစုံလာတည်းမှာဘဲ။
ဝိပဿနာရှူမယ့်လူက တည်းခိုခန်းဖွင့်ထားတာကိုး ။
ဒီတော့ အာရုံဆိုတဲ့ ဧည့်သည်တွေကို ဂရုစိုက်ကြည့်နေရုံဘဲ။
ဧည့်သည်ရဲ့ သဘာဝက အမြဲ မနေပါဘူး။
သူ့သတ်မှတ်ချိန်၊ သတ်မှတ်ရက် ကုန်ရင်
ပြန်မှာပေါ့။
ခန္ဓာမှာ အာရုံဧည့်သည်တွေဟာလည်း ဖြစ်ပေါ်လာတယ်။ သတ်မှတ်ချိန်ကုန်ရင် ပျောက်သွားတယ်။ ဒါကို တည်းခိုခန်းပိုင်ရှင်က ကြည့်ပြီး၊ ဝိပဿနာ အမြတ်ထုတ်နေ
ရုံဘဲ။
အရှင်ပညာသီရိ။
(ရမ္မာကျွန်း)
အာနာပါထူထောင်လို့ အောင်မြင်ရင်...
ဝိပဿနာရှု့မှု့အပိုင်းပြောကြည့်ရအောင်။
နှာသီးဖျားလေးမှာတိုးသွားတဲ့လေကို
အစက ထိနေတာလေးကိုသိရုံပဲ ၊
သိနေတာကနေ အခု သဘောထားပြောင်းရှု့မယ်။
သိနေရုံတင်မဟုတ်တော့ပဲ ၊ တိုးတိုက်ပြီး ထိသွားတဲ့ လေလို့ပညတ်ထားတဲ့ ဝါယောရုပ်ပရမတ်လေးကို ဖမ်းတော့မယ်။
ဝါယောရုပ်ဟာ ရှုချင်တဲ့စိတ် ၊
ရှိုက်ချင်တဲ့ စိတ် ကြောင့်ဖြစ်လာတဲ့ ပရမတ်ရုပ်လေးပဲ။
သူရဲ့ သဘာဝလေးက တိုးမှု့ ရွေ့မှု့လေး။ အမျှင်အတန်း ၊ အလုံးအခဲသဘောမရှိဘူး။
တရိပ်တရိပ်နဲ့ တိုးတိုးပြီးထိသွားတဲ့ ရွေ့မှု့သဘောလေးကို ကြည့်မယ်။
ဒီဝါယောရုပ်ကလေးဟာ နှာခေါင်း သို့မဟုတ် နှုတ်ခမ်းဖျား မှာရှိတဲ့ ကိုယ်အကြည်ရုပ်ကလေးကို ထိသွားမှ သိမှု့ဖြစ်ပေါ်လာတာ ။
ထိသွားတဲ့အခါမှာလည်း အသေချာသတိထားကြည့်။ အမျှင်အတန်းအနေနဲ့ ထိသွားတာမဟုတ်ဘူး။
တချက်ရိုက်ထိပြီး ၊ နောက်တစ်ချက် ၊ နောက်တစ်ချက် ၊ ဆက်ကာဆက်ကာ ထိထိသွားတာ။
မြန်လွန်းတဲ့ အတွက် လေအချောင်ကြီး ထိသွားသလိုထင်နေတယ်။
အမြဲတမ်းသိမှု့ ဖြစ်ပေါ်နေတယ်လို့လဲ ထင်နေတယ်။
နှာခေါင်းကိုလည်း အမြဲရှိနေလို့ထင်နေတယ်။
သတိလေးထားကြည့်။ တရိပ်ရိပ်နဲ့ ထိထိပြီးသွားတာကိုတွေ့ရမယ်။
အပြတ်အပြတ် သဘောလေးကိုတွေ့ရမယ် ။
တစ်ခုသတိပေးမယ်။
ဝိပဿနာဆိုတာ အာရုံရဲ့သဘာကို အသိမှုတ်ပြုနေတာသာဖြစ်တာ။
အာရုံကို ပျက်ပါစေလို့ ဖျက်ချနေတာမဟုတ်ဘူး။
ရွှေဥမင်ဆရာတော်ကြီး ဆုံးမသလို ...
``လုပ်မရှု့ နဲ့ ချုပ်မရှု့ နဲ့ ´´လို့ပဲပြောပါရစေ။
ဆက်မယ်။ အဲဒီလိုတရိပ်တရိပ်နဲ့ ထိထိပြီးသွားတာမှာ အကောင်ထည်သဘောပါသလား။ အစိုင်အခဲသဘောပါသလား။
မပါဘူးနော်။
တိုးမှု့ဆိုတဲ့ သဘောတရားသက်သက်လေး သာဖြစ်တယ်။
မိမိတို့ကကြိုနားလည်ထားရမှာက
ဒီတိုးမှု့လေးနဲ့အတူ ကျန်ဓာတ်ခွန်နှစ်ပါးလည်း အတူပါနေတယ် ။
ဝါယောက ထင်ရှားလို့၊ အားကောင်းလို့ ဝါယောလေးကိုသိရတာ။
အဆင်းဓာတ်အားနည်းလို့ လေကိုမမြင်ရတာ။ လေမှာလည်း အဆင်းဓာတ်ရှိတယ်။
အဲဒီလိုဝါယောရုပ်ကလေးဟာ တရိပ်ရိပ်နဲ့ ထိလိုက် ပျောက်သွားလိုက်။
အသစ်ထပ်ထိလိုက် ပျောက်သွားလိုက် နဲ့ဖြစ်နေရင် ဝါယောပျက်ရင်
ကျန် ဓာတ်ခွန်နှစ်ပါးလည်း ပျက်ပြီ။
ဒါဟာ ဝါယောဦးဆောင်တဲ့ ရုပ်တွေကိုရှု့နေတာပဲ။
မိမိကကြည့်လို့ မပျက်သေးရင်လည်း သတိထားပြီးသာကြည့်နေပါ။
ပျက်အောင်လုပ်မရှု့ပါနဲ့ ။
အဲဒီလို ဝါယောရုပ်ပျက်နေရင် နှာခေါင်းအကြည်လေးဟာလည်း ဝါယောရုပ်ထိတဲ့ အချိန်မှ ပြိုင်ဖြစ်ပြီး ဝါယောရုပ်ချုပ်ရင် နှာခေါင်းအကြည်လည်း ချုပ်တယ်။
ဒါအကြည်ဓာတ်ကို ရှု့နည်းပဲ။
မနောဝိညာဏ်နဲ့ ရှု့လိုက်တာဖြစ်တယ်။
ရုပ်တရားကိုသာ အရင်ဦးတည်ပြောမယ်။
ဝိသုဒ္ဓိမဂ်မှာ ရုပ်ကိုမပိုင်ရင် နာမ်ကိုမကိုင်နဲ့လို့ ညွှန်ပြထားတယ်။
နာမ်က ပရမတ်စစ်စစ်ကိုမိဖို့ ပိုသိမ်မွေ့တယ်။
ဒီလိုနှာသီးဖျားမှာ တိုးမှု့သဘောလေးကိုရှု့နေရင် တကိုယ်လုံးမှာ ဟိုနေရာကရွရွသလိုလို ၊ ယားသလိုလို ၊ ထုံသလိုလို ၊ ကျင်သလိုလို ၊ အေးကနဲ ဖြစ်သွားလိုလို ၊ နွေးကနဲ ဖြစ်သွားသလိုလို ။ အမျိုးမျိုးတွေ့တတ်တယ်။
ရုပ် ဆိုတာ ဖောက်ပြန်တဲ့ သဘောတရားသက်သက်လေးပါလားလို့ ရှင်းပြထားတာကို နားလည်ထားတဲ့အတွက် ဖြစ်လာသမျှလေးတွေကို သတိထားကြည့်။ သဘောတရားလေးမျှသာဖြစ်တယ်။
ယားတယ်ဆိုတာ နူးညံပထဝီ ဖြစ်ပေါ်တာလည်းဖြစ်မယ်။
တင်းတယ် တောင့်တယ်ဆိုတာလည်း ပထဝီ ၊ ဝါယော အားကောင်းလို့လဲဖြစ်မယ်။
ဒါတွေကို ယားတယ်၊ တောင့်တယ်လို့ အမည်ပညတ်ထားတာသာဖြစ်တယ်။
_မိမိကဒီအသိမဝင်အောင်လေ့ကျင့်နေတာ_။
ဒီတော့ဖြစ်လာသမျှလေးတွေကို
_သဘာဝ သဘောတရားလေးးတွေ_
ပါလားလို့ ဆင်ခြင်ပေး။
အခုပြောနေတာက သမ္မာသန ဉာဏ်ပိုင်းဖြစ်လို့ ဆင်ခြင်ရမယ်။
ဝိပဿနာဆိုတာ ဆင်ခြင်မှု့နဲ့ စရှု့ရတယ်။ ဒါမှာ အမြင်းရှင်းပြီး သံသယကျေမှာ။
သမ္မာသင်္ကပ္ပ မရှိပဲ သမ္မာဒိဋ္ဌိ မဖြစ်ဘူး။
အရာဝတ္ထုတစ်ခုကိုသိဖို့ လက်ကကိုင်ကြည့်ပြီး ဘက်စုံလှည့်ပတ်ပြရတယ်။
ဒါမှ မျက်စိကမြင်ပြီး အရာဝတ္ထုရဲ့ သဘောအမှန်ကို ဆုံးဖြတ်လို့ရတာ။
ဒါက စာမှာပါတဲ့ ဥပမာပဲ။
ဒီလိုပဲ။
သမ္မာသင်္ကပ္ပ ဆိုတဲ့ လက်က ရုပ်နာမ်ရဲ့ သဘောကို ဆင်ခြင် ကိုင်ပြပေးမှ သမ္မာဒိဋ္ဌိက... သြော်.. ရုပ်ပါလား ၊ နာမ်ပါလား ၊အနိစ္စပါလား ၊ ဒုက္ခပါလား ၊ အနတ္တပါလားလို့ အမှန်သိရတာ ဆုံးဖြတ်ရတာ။
ခန္ဓာကိုယ်မှာဘာပေါ်ပေါ် .. သဘာဝတရားလေးသက်သက်လို့သာ ပရမတ်ထိဉာဏ်စိုက်ပြီး တွေးကြံပေး။
ဒါဟာ ပထီလား ၊တေဇောလား စသည်ဖြင့်မဆုံးဖြတ်တတ်ရင်နေ ။
_သဘာဝတရား ဖောက်ပြန်မှု့ သဘောလေး_ လို့ သာမြင်အောင်ကြည့်ရမယ်။
ဒီလိုမြင်ဖို့ ရုပ် ၊ နာမ် ရဲ့ သဘောကို ရှေ့မှာသင်ခဲ့တာ။
အဲဒါကိုသဘောမပေါက်ခဲ့ရင်တော့ ဒီနေရာမှာ အခက်ခဲဖြစ်လာတတ်တယ်။
အားမလျော့နဲ့။ ဆင်ခြင်ရင်းရှု့ပေး။
အလေ့ကျင့်ကောင်းလာရင် သဘောပေါက်လာတယ်။
နောက်ဆိုဘယ်အာရုံကြည့်ကြည့် နှလုံးသွင်းလိုက်ရင် ပရမတ်တွေထင်နေတတ်တယ်။
အားလုံးကြားဖူးနေကြပဲ။
ဆည်ဝက ဗျိုင်းစောင့်သလို စောင့်ရှု့တယ်ဆိုတာ။
ခန္ဓာအခြားနေရာကမပြရင်...
နှာသီးဖျားကိုပြန်ရှု့ ။
ပြရင်... အဲဒီပြတဲ့နေရာကို လိုက်ရှု့။
ပြီးရင်နှာသီးဖျားပြန်လာ။
သုံသပ်ပေး။
ဒါအတွင်းကို အရင်သုံးသပ်နေတာ။ အတွင်းကိုပိုင်ရင် အပြင်ကို သုံးသပ်မယ်။
ဘုရားက အဇ္စျတ္တ ၊ ဗဟိဒ္ဓ ရှု့ဖို့ ညွှန်ကြားထားတယ်။
ခုလောလောဆယ်တော့ အတွင်းကို ပိုင်အောင်အရင်လုပ်ပါ။
နှာသီးဖျားတစ်ခုမှာသာ စိတ်ကိုဖိပြီး ဇောက်ချမထားနဲ့တော့။ အာရုံပေါ်ရာကို လိုက်တော့။အာရုံအများကို ရှု့ရင် ဗဟုသုတပိုဖြစ်ပြီး ဉာဏ်ပိုထက်တယ်။
* မပေါ်တာကိုလည်း ပေါ်အောင်မလုပ်နဲ့။ *ပေါ်လာတာကိုလည်း ပျက်အောင်မလုပ်နဲ့။ *ပေါ်လာတဲ့သဘောလေးကိုသာ
သူ့သဘာဝကိုသိအောင်လုပ်။
ဒါဝိပဿနာပဲ။
*ဖြစ်ပျက်ကိုလည်း မမျှော်မိစေနဲ့။
ဒီလိုရှု့တဲ့အချိန်မှာ နာတာကျင်တာတွေ ဖြစ်လာတတ်တယ်။
မခံနိုင်အောင်ယားတာတွေ လည်းတွေ့လာတတ်တယ်။
အဲဒီအချိန်မှာ အကျင့်ပါနေတဲ့ ကိလေသာက မကြိုက်ခြင်း ဆိုတဲ့ ဒေါသလေးပါလာတတ်တယ်။
အာရုံကိုအမြန်ပျောက်ချင်လာတယ်။
မှားနေပြီ။
သီးခံနိုင်သရွေ့ သီးခံပြီးရှု့ပါ။
ဒီအာရုံကို မိမိက ဖြစ်အောင်လုပ်တာမဟုတ်ဘူး ။
ခန္ဓာသဘာဝ သူ့သဘောသူဆောင်ပြီးပေါ်လာတာ။
ငါနဲ့မဆိုင်ဘူး။
ငါနဲ့သာဆိုင်ရင် သူ့ကို မဖြစ်အောင် လုပ်နိုင်ရမှာပေါ့။
အခုတော့မရဘူး။ သူဟာသူစိမ်းပဲ။
သူ့သဘောကိုကြည့်တဲ့ အခါလည်း ကြာရှည်မနေပါဘူး။
ဒီလိုနှလုံးသွင်းရှု့။
အရမ်းပြင်းထန်လာရင်တော့ မရတော့ဘူး။ကျိန်းသောဒေါသလာတော့မယ်။
နှလုံးသွင်းလို့လဲမရတော့ဘူး။
စိတ်ကရောက်ယှက်ခတ်နေပြီ။
ဒီလိုဆိုရင် သတိလေး နဲ့ အနေထားကိုပြင်ပေး။ ကြွပေး။
သီးခံတာနဲ့ ကြိတ်ခံတာမတူဘူးနော်။
သီးခံတာက ဉာဏ်။
ဥပေက္ခာသဘောပါတယ်။
ကြိတ်ခံတာက ဒေါသ။
မိမိတို့က က်ိလေသာအကျင့်ပါနေလို့ တော်ရုံသီးခံနိုင်တဲ့ အနေထားမှာတောင် သီးမခံချင်ကြဘူး။
အတွေ့ကြုံလေးတစ်ခုပြောမယ်။ တရားထိုင်လို့ သတိတွေအားကောင်းနေချိန်မှာ နှာချီချင်လာတယ်။ ချက်ချင်းမချီဖြစ်ဘူး။ လည်ချောင်းထဲမှာယားလာတယ်။ တဖြည်းဖြည်း အထက်ကိုရွစိရွစိနဲ့ တက်လာတယ်။ ပတ်မွှေနေတယ်။ နှာခေါင်းရင်းနားရောက်လာသလိုပဲ။
ဒါကိုအဆက်မပြတ်လိုက်သိနေတော့ နောက်ဆုံးယားတာလေးပျောက်သွားပြီး
နှာမချီဖြစ်လိုက်ဘူး။
ဒီမှာဘာကိုသွားသဘောပေါက်သလဲဆိုတော့ ဒီအတိုင်းနေချိန်ပုံမှန်ဆိုရင် လည်ချောင်းလေးယားလာတာနဲ့ နှာချီပစ်လိုက်တော့တာပဲ။ အကျင့်ပါနေတာကိုး။
အခုသတိနဲ့ လိုက်သိနေတော့ မချီဖြစ်ဘူး။
ကိစ္စတော်တော်များများက အဲဒီသဘောရှိနေတယ်။ အော်တိုမစ်တစ် ကို ဖြစ်ဖြစ်သွားတယ်။
ကိုယ့်ကိုဆဲတယ်ဆိုရင် တခါတည်းဒေါသက ကိုယ်မသိလိုက်ခင်ကို ထွက်နေပြီ။
ဒါအကျင့်ပါနေလို့ဗျ။
သတိမရှိတော့ သီးမခံနိုင်လိုက်ဘူး။
သတိလေးနဲ့သာ အသံသဘော ရုပ်သဘောဆင်ခြင်နေရင် သူဘာပြောလိုက်မှန်းတောင်မသိဘူး။
ဒေါသလည်းမလာတော့ဘူး။
ဒီတော့ သတိ ဉာဏ် အရမ်းအရေးကြီးတယ်။
ဟုတ်ပြီ။ အဲဒီလို မကောင်းတဲ့ အာရုံလာရင်လည်း မကြိုက် မဖြစ်ပဲ သီးခံရှု့နိုင်ရမယ်။
တခါတလေ ရှု့ရတာကောင်းပြီး ခန္ဓာမှာ ငြိမ်းအေးနေတတ်တယ်။
သူကပိုတောင် အန္တရာယ်များသလားပဲ။ ခန္ဓာကိုယ်မှာ အေးကနဲ အေးကနဲ ဖြစ်ပြီးနေလို့ကောင်းလိုက်တာ။
အဲဒိအချိန်မှာလည်း အကျင့်ပါနေတဲ့ ကိလေသာက သာယာနေပြန်ရော။
အာရုံအကောင်းနဲ့တွေ့တော့ ...ငြိမ်လို့။ သာယာနေမှန်းတောင်မသိဘူး။
ဒါ (ကိလေသာ) ဗျ။
အေးငြိမ်းနေတာက အပြစ်မဟုတ်ဘူး။
ဒါက ခန္ဓာသဘာဝ။
အဲဒီအပေါ် သာယာတာက အပြစ်။
အဲဒီအခါလည်း ငါနဲ့မဆိုင်၊
ဖြစ်အောင်လုပ်မရ ၊
ပျက်အောင်လုပ်မရ ၊
သူ့သဘောသူဆောင်လာတဲ့ သူစိမ်းအနေနဲ့ရှု့ပေး။
မသာယာမိစေနဲ့။

Comments
Post a Comment