အငှါးနှင့်အပိုင်

 _အငှါးနှင့်အပိုင်_



အချိန်တန်တော့သွားရမှာ 

တစ်လမ်းထဲပဲလေ... 

၁။ ခန္ဓာ အငှား၊

၂။ ပစ္စည်းဥစ္စာ အငှား၊

၃။ ဆွေမျိုး အငှား၊

၄။ အာဏာပါဝါ အငြား၊

   

 အဲဒီ(၄)မျိုးဟာ အငှားတွေပဲဗျ။


၁။ ရရှိထားတဲ့ ဒီခန္ဓာကြီးဟာ ကိုယ်နဲ့ဆိုင်ရုံလေးသာဆိုင်တယ် ၊ ကိုယ်မပိုင်ဘူး။


၂။ မိမိလက်ထဲမှာ ရှိနေတဲ့ ပစ္စည်းဥစ္စာတွေဆိုတာလည်း ... 

ကိုယ်နဲ့ဆိုင်ရုံလေးသာဆိုင်တယ် ၊ကိုယ်မပိုင်ဘူး။


၃။ မိမိနှင့်သွေးသား တော်စပ်သူတွေ ၊

       ဆွေမျိုးတွေဆိုတာလည်း... 

          ကိုယ်နှင့် ဆိုင်ရုံလေးသာဆိုင်တယ် ၊

          ကိုယ်မပိုင်ဘူး။


၄။ ရာထူးတွေ လုပ်ခွင့်တွေ အာဏာပါဝါတွေ ဆိုတာလည်း ... 

ကိုယ်နှင့်ဆိုင်ရုံလေးသာဆိုင်တယ် ၊

ကိုယ်မပိုင်ဘူး ။


အချိန်စေ့ရင် ပြန်လည် အပ်နှံထားခဲ့ရမှာမို့

ဒီ (၄)မျိုးဟာ အငှားတွေပဲဗျ။


ကိုယ်သာပိုင်၍ အများမဆိုင်သည့် အပိုင်(၄)မျိုး၊


၁။ ဒါန   

၂။ သီလ  

၃။ သမာဓိ   

၄။ဝိပဿနာ 


အဲဒီ (၄)မျိုးက

ကိုယ့်ကို အငိုတိတ်အောင် ၊ အပူငြိမ်းအောင် ၊ 

အကြောက်ပြေအောင် ၊ 

အနေရဲအောင် အသေရဲအောင် ၊

ဘဝကူးစိတ်အေးရအောင် တာဝန်ယူမယ့် 

ကိုယ်ပိုင်တရားတွေပဲဗျ ။

မိဘအရင်းကတောင် ဖြေရှင်းမပေးနိုင်တာကို ၊

အဲ့ဒီ(၄)မျိုးက အကုန်ဖြေရှင်းပေးနိုင်တယ်။


တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ၊

ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ ယောဆရာတော်ဘုရားကြီး၊


Post owner Khin Maung Yin

Comments

Popular posts from this blog

မှောင်တွင်စမ်း၍ လှမ်းရသော (၃) အဆက်

မှောင်တွင်စမ်း၍ လှမ်းရသော.......(၄) အဆက်

ရှက်တတ်သလား